Pages

Ads 468x60px

Showing posts with label Joke. Show all posts
Showing posts with label Joke. Show all posts

Wednesday, October 23, 2013

လီနင်စကား

       အမေရိကန်နိုင်ငံ၏ မြို့ကလေးတစ်မြို့တွင် ရှိသော ဆံသဆိုင်တွင်ဖြစ်သည်။
       ဆံပင်ညှပ်သမားသည် မိမိ၏ အမြဲတမ်းဖောက်သည်ကို ဆံပင်ညှပ်ပေးနေသည်။
       ဒီနှစ်ထဲ ခွင့်ရက်ရှည်ရရင်....ဘယ်သွားမယ် စိတ်ကူးသလဲဗျ ဟု
       ဆံပင်ညှပ်ဆရာကမေးရာ ဖောက်သည်လူကြီးက ပြန်ပြောသည်။
       မော်စကိုသွားမလို့ စိတ်ကူးထားတယ။် 
       မော်စကို ဟုတ်လား ၊ ဒီလောက် ညစ်ပတ်တဲ့မြို့ ၊
       အမှိုက်ပုံတွေကို မသိမ်းဘဲထားလို့ ဘယ်ပဲသွားသွား အနံ့ဆိုးတွေ ထွက်တဲ့မြို့ ၊
      လမ်းပေါ်မှာ ၀က်ဝံတွေ လမ်းသလားပြီး လူဆိုးသူခိုးတွေပေါတဲ့မြို့ ၊
      အဲဒီမြို့ကို သွားမလို့ ဟုတ်လား။ စဉ်းစားဦးနော် ဆရာ
      ကျွန်တော့် အဘိုးနဲ့အဘွား တစ်ချိန်တုန်းက အဲဒီမှာနေခဲ့တာဗျ....သွားတော့ သွားရမယ်
      ဘယ်....လေကြောင်းလိုင်းနဲ့သွားမလဲ
      အဲရိုးဖလုတ်နဲ့ပေါ့
      အောင်မလေးလေး ၊ အဲရိုးဖလုတ်နဲ့ သွားရတယ်လို့ ၊ ဓာတ်ဆီနံ့ကနံ ၊
      နေရာကကျဉ်း  ကျွေးတာကလည်း အညံ့စား ၊
      ဒီကြားထဲ လေယာဉ်မယ်တွေက ခရီးသည်တွေကို သူတို့လုပ်စာ စားနေရတဲ့ ပုံစံနံ့ ဆက်ဆံ ၊
      အချိန်ကလည်း ဘယ်တော့မှ မမှန်ဘူး။
      တခြားလိုင်း ပြောင်းစီးဖို့ စဉ်းစားစမ်းပါ ဆရာရယ်
      မပြောင်းတော့ပါဘူး ၊ လက်မှတ်လည်း ၀ယ်ပြီးနေပြီ 
      အင်းလေ....ဘယ်တတ်နိုင်ပါ့မလဲ ၊ ဒါနဲ့ ဘယ်ဟော်တယ်မှာ တည်းမလဲ
      ကရင်မလင်နန်းတော်နားက  ရိုစီယာ ဟော်တယ်
      ဘုရားသခင် ကယ်တော်မူပါ ၊ အဲဒီမှာ မကောင်းတဲ့မိန်းမတွေ တစ်ပုံကြီး ၊
      ကြမ်းပိုးနဲ့ ပိုးဟပ်တွေ အင်မတန် သောင်းကျန်းတယ်။
      အခန်းခလဲ ဈေးကြီးသေး ၊ ပြီးတော့ ဟော်တယ်ဝန်ထမ်းတွေကလဲ ရိုင်းပါဘိသနဲ့ ဆရာရယ်
      မတတ်နိုင်ဘူး...သွားဖို့ ဆုံးဖြတ်ထားပြီးပြီဗျ
      ဤမှာတင် စကားကို ရပ်လိုက်ဖို့ ကောင်းနေပြီဖြစ်သည်။
      သို့သော် လေရှည်သော ဆံပင်ညှပ်ဆရာ ဆက်မေးသည်။
      မော်စကိုရောက်ရင် ဘာလုပ်ဖို့...စိတ်ကူးထားလဲဗျ
      လီနင်ရဲ့ ဂူဗိမ္မာန်ကို သွားမယ် ဖောက်သည်လူကြီးက ပြန်ပြောသည်။
      ဘာပြောတယ်...အဲဒီမှာ လူတန်းက အရှည်ကြီး ၊ ရဲတွေအပြည့်နဲ့ စိတ်ပျက်စရာကြီး
      ဘာဖြစ်ဖြစ် ကျုပ်သွားမှာပဲ...ကျုပ်ကို ဘယ်သူမှ တားလို့မရတော့ဘူး
      လအနည်းငယ်ကြာသွားသည်။ မော်စကိုသို့ အလည်သွားခဲ့သော ဖောက်သည်ကြီး
      ဆံပင်ညှပ်ဆိုင်သို့ ရောက်လာသည်။
      ဧည့်သည်ကို ကြိုဆိုရင်း ဆံပင်ညှပ်ဆရာ မေးသည်။
      မင်္ဂလာပါဗျာ ၊ ခရီးသွားဖြစ်ရဲ့လား....မော်စကိုအကြောင်း ကျွန်တော်ပြောခဲ့တာတွေ
      မှန်တယ်မဟုတ်လားဗျ
      ခင်ဗျား ယုံချင်ယုံမယ် ၊ မော်စကို ကို ကျွန်တော်အရမ်းကြိုက်သွားပြီဗျ ၊
      မြို့တော်ဝန်အသစ်က စည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်လိုက်တော့ မြို့ဟာ အတော့်ကို
      သန့်ရှင်းနေတယ်။
      လုံခြုံမှုလည်း အပြည့်ရှိတယ်။ လမ်းပေါ်မှာ ၀က်ဝံနဲ့ တူတဲ့အကောင်တစ်ကောင်မှ မတွေ့ခဲ့ရဘူး
      အဲရိုဖလုတ်လေယာဉ်ကတော့...ကျွန်တော်ပြောတဲ့အတိုင်း မဟုတ်ဘူးလား
      ဟင့်အင်း...တစ်ခုပဲရှိတယ် ၊ လေယာဉ်က ခရီးသည် တစ်ဝက် မပြည့်ဘူး ၊
      ဒါနဲ့ ကျွန်တော့်ကို ပထမတန်းမှာ စီးခိုင်းတယ် ၊ အပျံစားကျွေးတယ် ၊ လေယာဉ်မယ်ကလည်း
      ယဉ်ကျေးတယ် ၊ ချစ်စရာလေး
      ဟော်တယ်ကတော့...ညံ့တယ်မဟုတ်လားဗျ မညံ့ပါဘူး ၊ ကျွန်တော်ရောက်တဲ့အချိန်မှာ
      ဟော်တယ်ကို ပြင်ဆင်မွမ်းမံပြီးကာစ....အခန်းခလျှော့ပေးတဲ့ သီတင်းပတ်နဲ့ သွားကြုံတယ် ၊
      ကျုပ် အကောင်းဆုံးအခန်းမှာနေခဲ့တယ် ၊ ဇိမ်မယ်တွေကို မတွေ့ခဲ့ပါဘူး။      ပိုးဟပ်နဲ့ကြမ်းပိုးလည်း
     မရှိပါဘူး ။
     လီနင် ၊ လီနင်ကိုရော...တွေ့ခဲ့သလားဟင် မြင်ခဲ့တာပေါ့ ၊
     ခင်ဗျား ယုံချင်မှယုံမယ်....ကျွန်တော်တန်းစီနေတုန်း အရပ်ဝတ်နဲ့လူတစ်ယောက်
     ကျွန်တော့်အနားရောက်လာပြီး သူတို့ရဲ့ ဆေးပညာရှင်တွေဟာ အံ့သြဖွယ်ကောင်းလောက်အောင်
    ခုလေးတင်ပဲ
     ခေါင်းဆောင်ကြီးး လီနင်ကို အသက်ပြန်ရှင်အောင် လုပ်လိုက်နိုင်တဲ့ အကြောင်း ၊
     ခေါင်းဆောင်ကြီးဟာ တန်းစီနေတဲ့ လူအုပ်ထဲက တစ်ယောက်ယောက်နဲ့ စကားပြောချင်လို့ ၊
     အဲဒါမိတ်ဆွေ သူနဲ့အတူလိုက်လာစေလိုကြောင်း ကျုပ်ကို လာပြောတယ်ဗျာ
     အောင်မယ်လေး....ကိုယ့်နားကိုယ်တောင် မယုံနိုင်လောက်အောင်ပါပဲလား ၊
     လီနင် ၊ လီနင်.....ဘာပြောလိုက်သလဲဗျ ဟင်
     မိမိ၏အလှည့်ရောက်လာပြီဖြစ်၍ လူကြီးသည်
     စကားလုံးကို ရွေးကာ အောက်ပါအတိုင်း ပြောချလိုက်သည်။
     တိုတိုလေးပါပဲ
    ကိုယ့်လူရဲ့ ကေ ကို ပုံပျက်ပန်းပျက် အုန်းမှုတ်ခွက်ဖြစ်အောင် 
     ဘယ်က ကလေကချေ ခုတ် ပေးလိုက်သလဲကွဟေ...တဲ့ ။

ဟိုးရာ ဟိုးရာ

  အင်းဒီးယန်းလူမျိုးများ သီးသန့်နေထိုင်သော ဒေသသို့ နာမည်ကြီး အမေရိကန်ဆီနိတ်တာအမတ်တစ်ဦး  
  အလည်ရောက်လာသည်။
  ထုံးစံအတိုင်း မိန့်ခွန်းခြွေရာ အင်းဒီးယန်းလူမျိုးတို့၏ ဘ၀အခြေအနေ 
  အပြည့်အ၀ ကောင်းမွန်လာစေရမည်ဟု ကတိပေးသည်။
  ခင်ဗျားတို့ကို ဘ၀သစ်ထူထောင်ပေးမယ် ဟု ၎င်းက ကြွေးကြော်သည်။
  နားထောင်နေသော အင်းဒီးယန်းပရိသတ်က " ဟိုးရာ ဟိုးရာ "ဟု တပျော်တပါး ၀ိုင်းအော်ကြသည်။
  " ဟိုးရာ ဟိုးရာ " ဆိုသောအသံကြောင့် ဆီနိတ်တာအမတ် အားတက်သလို ရှိလာသည်။
  သို့နှင့် ခင်ဗျားတို့အတွက် ကျောင်းသစ်တွေ ၊ ဆေးရံအသစ်တွေ ဆောက်ပေးမယ် ဟု ဆက်ပြောရာ
  ပရိသတ်က ယခင်ကထက်ပိုကျယ်အောင် " ဟိုးရာ ဟိုးရာ "ဟု သံပြိုင်ဟစ်သည်။
  ကျွန်တော်တို့ကို ယုံပါ။ ကျွန်တော်တို့ဟာ ခင်ဗျားတို့ကောင်းစားရေးကို တကယ်တမ်း 
  လုပ်ဆောင်ကြမယ့်သူတွေပါ ဆိုသောစကားဖြင့်
  မိန့်ခွန်းကို အဆုံးသတ်လိုက်ရာ "ဟိုးရာ ဟိုးရာ"ဆိုသော အသံကြီးသည် ငါးမိုင်ဝေးသော အရပ်မှပင်
  ကြားလောက်အောင် မြည်ဟီးသွားတော့သည်။
  မိမိကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုအားပေးသဖြင့် ဆီနိတ်တာအမတ် အကျေနပ်ကြီး ကျေနပ်နေပြီဖြစ်သည်။
  သို့နှင့် အင်းဒီးယန်းတွေနေသော ရပ်ကွက်ကို လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
  တစ်နေရာတွင် ဒေသခံတွေ မွေးထားသော နွားတွေကို ကြည့်ပါရစေ ဟု ပြောရာ
  လိုက်လံပို့ဆောင်သူက ပြန်ပြောသည်။
  ရပါတယ် အမတ်မင်း ၊ ကျွန်တော့်နောက်သာ လိုက်ခဲ့ပါ။
  ဒါပေမယ့် "ဟိုးရာ" ကို တက်မနင်းမိအောင်တော့ သတိထားနော်တဲ့။
  မှတ်ကရော။  ( ဟိုးရာ - Bull   SHIT )

အကြွားပြိုင်ပွဲ

         မုဆိုး သုံးယောက် အရက်ဘားတွင် ထိုင်ပြီး မိမိတို့၏ အောင်မြင်မှုများ အကြောင်းကို ပြောနေကြသည်။
         ပထမလူက ဤသို့ ပြောသည်။
         ကျွန်တော့်ဆီကို ကြံ့ကြီးတစ်ကောင် ပြေးလာတယ်။
         သုံးကိုက်အကွာအထိ ဒီကောင် ကျွန်တော့်အနား ရောက်လာအောင် ပြေးလာခွင့်ပြုလိုက်ပြီးမှ
         ကျွန်တော် မောင်းကို ဖြုတ်လိုက်တယ်။
         ပွဲချင်းပြီး သေပါလေရော...
         ဒုတိယလူက ပြောသည်။
         ကျွန်တော် ဆင်တွေကိုလိုက်တုံးက ဆင်ရိုင်းတစ်ကောင်ကို ၂- ကိုက်အကွာအထိ 
         အနားကပ်ခွင့်ပြုလိုက်ပြီးမှ
         ကျည်တစ်တောင့်တည်းနဲ့ ဒီကောင့်ကို ဘုန်းကနဲလဲသွားအောင် လုပ်လိုက်နိုင်တယ်
         တတိယလူက ပြောသည်။
         ကျွန်တော်ကျတော့ ကျွဲရိုင်းဗျ ၊ ဒီကောင် တရှုးရှုးနဲ့ ကျွန်တော့်ကို ဝှေ့ဘို့ အတင်းပြေး ၀င်လာတယ်။
         တစ်ကိုက်အကွာလောက်မှာ ဒီကောင့်ကို ကျွန်တော့် ပစ်ချလိုက်တယ်။
         ဘေးစားပွဲတွင် ထိုင်နေသော လူကြီးတစ်ယောက်က ၀င်ပြောသည်။
         ခင်ဗျားတို့ ပြောတာ ဘာဟုတ်သေးလဲ ၊ ကျွန်တော့်အဖြစ်ကို ပြောပြမယ်။
         ခြင်္သေ့က ကျွန်တော့်ကို မကျေမနပ် ဟိန်းတယ်။ 
         ကျွန်တော်ဒီကောင့်အနားကို ကိုက်ဝက်လောက်အထိ ကပ်သွားတယ်။
         ဘာလက်နက်မှလဲ မပါဘူး ၊ ဒီကောင့်အပေါ် ကျွန်တော် ရှုးရှုးပေါက်ချလိုက်တယ်
         မုဆိုးသုံးယောက်စလုံး အံ့သြသံဖြင့် ၀ိုင်းမေးကြသည်။
         အဲဒီတော့ ဘာဖြစ်သွားလဲဗျ ဘာဖြစ်ရမလဲ ၊
         တိရစ္ဆာန်ရုံဝန်ထမ်းတွေ ကျုပ်ကို လက်သီးစာ ကျွေးပစ်လိုက်တာပေါ့...။

Wednesday, September 25, 2013

မြန်မြန်ခုန်ချပါ

      
        မိမိကိုယ်မိမိ သတ်သေရန် ဆုံးဖြတ်ထားပုံရသည့်
        လူတစ်ယောက် မိုးပျံတိုက်၏ခေါင်မိုးပေါ်မှ ခုန်ချရန် ပြင်နေသည်။
        အောက်မှ လူအုပ်သည် အပေါ်သို့ စိုးရိမ်စွာ မော့ကြည့်နေကြသည်။
        မိန်းမတစ်ယောက်က ဘေးကလူကိုပြောသည်။
        ဘုရား......ဘုရား ၊ နောက်ငါးမိနစ်အတွင်းသာ
        သူမခုန်ချရင်တော့ ကျွန်မ ရုံးနောက်ကျမှာ သေချာပြီ။

Friday, September 20, 2013

မခိုးရဲပါဘူး



လူတစ်ယောက် ကြက်ခိုး ကာ လူပြတ်သော နေရာတွင်အမွေးနုတ်နေသည်။

ထိုစဉ် ဖြတ်လျှောက်လာသော ရဲသားက မြင်သွားသည်။ သူခိုးသည် ကြောက်လန့် ကာ ကြက်ကိုအနား ရှိရေကန်ထဲသို့ လွင့်ပစ်လိုက်သည်။

"ဟေ့ မပြေးနဲ့ မင်းအခုပဲ ကြက်ခိုးတယ်ဆိုတာငါမြင်တယ်"

"ကျွန်တော် ဘယ်တော့မှ သူများပစ္စည်းမခိုးရဲပါဘူးဗျာ"

"ဒါဖြင့် ဒီအမွေးတွက ဘာလုပ်တာလဲ "

"ကြက်မက သူရေချိုးဆင်းတုန်း သူ့ အဝတ်အစားတွေကို ခဏကြည့်ခိုင်းထားတာပါ"