အင်းဒီးယန်းလူမျိုးများ သီးသန့်နေထိုင်သော ဒေသသို့ နာမည်ကြီး အမေရိကန်ဆီနိတ်တာအမတ်တစ်ဦး
အလည်ရောက်လာသည်။
ထုံးစံအတိုင်း မိန့်ခွန်းခြွေရာ အင်းဒီးယန်းလူမျိုးတို့၏ ဘ၀အခြေအနေ
အပြည့်အ၀ ကောင်းမွန်လာစေရမည်ဟု ကတိပေးသည်။
ခင်ဗျားတို့ကို ဘ၀သစ်ထူထောင်ပေးမယ် ဟု ၎င်းက ကြွေးကြော်သည်။
နားထောင်နေသော အင်းဒီးယန်းပရိသတ်က " ဟိုးရာ ဟိုးရာ "ဟု တပျော်တပါး ၀ိုင်းအော်ကြသည်။
" ဟိုးရာ ဟိုးရာ " ဆိုသောအသံကြောင့် ဆီနိတ်တာအမတ် အားတက်သလို ရှိလာသည်။
သို့နှင့် ခင်ဗျားတို့အတွက် ကျောင်းသစ်တွေ ၊ ဆေးရံအသစ်တွေ ဆောက်ပေးမယ် ဟု ဆက်ပြောရာ
ပရိသတ်က ယခင်ကထက်ပိုကျယ်အောင် " ဟိုးရာ ဟိုးရာ "ဟု သံပြိုင်ဟစ်သည်။
ကျွန်တော်တို့ကို ယုံပါ။ ကျွန်တော်တို့ဟာ ခင်ဗျားတို့ကောင်းစားရေးကို တကယ်တမ်း
လုပ်ဆောင်ကြမယ့်သူတွေပါ ဆိုသောစကားဖြင့်
မိန့်ခွန်းကို အဆုံးသတ်လိုက်ရာ "ဟိုးရာ ဟိုးရာ"ဆိုသော အသံကြီးသည် ငါးမိုင်ဝေးသော အရပ်မှပင်
ကြားလောက်အောင် မြည်ဟီးသွားတော့သည်။
မိမိကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုအားပေးသဖြင့် ဆီနိတ်တာအမတ် အကျေနပ်ကြီး ကျေနပ်နေပြီဖြစ်သည်။
သို့နှင့် အင်းဒီးယန်းတွေနေသော ရပ်ကွက်ကို လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
တစ်နေရာတွင် ဒေသခံတွေ မွေးထားသော နွားတွေကို ကြည့်ပါရစေ ဟု ပြောရာ
လိုက်လံပို့ဆောင်သူက ပြန်ပြောသည်။
ရပါတယ် အမတ်မင်း ၊ ကျွန်တော့်နောက်သာ လိုက်ခဲ့ပါ။
ဒါပေမယ့် "ဟိုးရာ" ကို တက်မနင်းမိအောင်တော့ သတိထားနော်တဲ့။
မှတ်ကရော။ ( ဟိုးရာ - Bull SHIT )
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment