မုဆိုး သုံးယောက် အရက်ဘားတွင် ထိုင်ပြီး မိမိတို့၏ အောင်မြင်မှုများ အကြောင်းကို ပြောနေကြသည်။
ပထမလူက ဤသို့ ပြောသည်။
ကျွန်တော့်ဆီကို ကြံ့ကြီးတစ်ကောင် ပြေးလာတယ်။
သုံးကိုက်အကွာအထိ ဒီကောင် ကျွန်တော့်အနား ရောက်လာအောင် ပြေးလာခွင့်ပြုလိုက်ပြီးမှ
ကျွန်တော် မောင်းကို ဖြုတ်လိုက်တယ်။
ပွဲချင်းပြီး သေပါလေရော...
ဒုတိယလူက ပြောသည်။
ကျွန်တော် ဆင်တွေကိုလိုက်တုံးက ဆင်ရိုင်းတစ်ကောင်ကို ၂- ကိုက်အကွာအထိ
အနားကပ်ခွင့်ပြုလိုက်ပြီးမှ
ကျည်တစ်တောင့်တည်းနဲ့ ဒီကောင့်ကို ဘုန်းကနဲလဲသွားအောင် လုပ်လိုက်နိုင်တယ်
တတိယလူက ပြောသည်။
ကျွန်တော်ကျတော့ ကျွဲရိုင်းဗျ ၊ ဒီကောင် တရှုးရှုးနဲ့ ကျွန်တော့်ကို ဝှေ့ဘို့ အတင်းပြေး ၀င်လာတယ်။
တစ်ကိုက်အကွာလောက်မှာ ဒီကောင့်ကို ကျွန်တော့် ပစ်ချလိုက်တယ်။
ဘေးစားပွဲတွင် ထိုင်နေသော လူကြီးတစ်ယောက်က ၀င်ပြောသည်။
ခင်ဗျားတို့ ပြောတာ ဘာဟုတ်သေးလဲ ၊ ကျွန်တော့်အဖြစ်ကို ပြောပြမယ်။
ခြင်္သေ့က ကျွန်တော့်ကို မကျေမနပ် ဟိန်းတယ်။
ကျွန်တော်ဒီကောင့်အနားကို ကိုက်ဝက်လောက်အထိ ကပ်သွားတယ်။
ဘာလက်နက်မှလဲ မပါဘူး ၊ ဒီကောင့်အပေါ် ကျွန်တော် ရှုးရှုးပေါက်ချလိုက်တယ်
မုဆိုးသုံးယောက်စလုံး အံ့သြသံဖြင့် ၀ိုင်းမေးကြသည်။
အဲဒီတော့ ဘာဖြစ်သွားလဲဗျ ဘာဖြစ်ရမလဲ ၊
တိရစ္ဆာန်ရုံဝန်ထမ်းတွေ ကျုပ်ကို လက်သီးစာ ကျွေးပစ်လိုက်တာပေါ့...။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment