အမေရိကန်နိုင်ငံ၏ မြို့ကလေးတစ်မြို့တွင် ရှိသော ဆံသဆိုင်တွင်ဖြစ်သည်။
ဆံပင်ညှပ်သမားသည် မိမိ၏ အမြဲတမ်းဖောက်သည်ကို ဆံပင်ညှပ်ပေးနေသည်။
ဒီနှစ်ထဲ ခွင့်ရက်ရှည်ရရင်....ဘယ်သွားမယ် စိတ်ကူးသလဲဗျ ဟု
ဆံပင်ညှပ်ဆရာကမေးရာ ဖောက်သည်လူကြီးက ပြန်ပြောသည်။
မော်စကိုသွားမလို့ စိတ်ကူးထားတယ။်
မော်စကို ဟုတ်လား ၊ ဒီလောက် ညစ်ပတ်တဲ့မြို့ ၊
အမှိုက်ပုံတွေကို မသိမ်းဘဲထားလို့ ဘယ်ပဲသွားသွား အနံ့ဆိုးတွေ ထွက်တဲ့မြို့ ၊
လမ်းပေါ်မှာ ၀က်ဝံတွေ လမ်းသလားပြီး လူဆိုးသူခိုးတွေပေါတဲ့မြို့ ၊
အဲဒီမြို့ကို သွားမလို့ ဟုတ်လား။ စဉ်းစားဦးနော် ဆရာ
ကျွန်တော့် အဘိုးနဲ့အဘွား တစ်ချိန်တုန်းက အဲဒီမှာနေခဲ့တာဗျ....သွားတော့ သွားရမယ်
ဘယ်....လေကြောင်းလိုင်းနဲ့သွားမလဲ
အဲရိုးဖလုတ်နဲ့ပေါ့
အောင်မလေးလေး ၊ အဲရိုးဖလုတ်နဲ့ သွားရတယ်လို့ ၊ ဓာတ်ဆီနံ့ကနံ ၊
နေရာကကျဉ်း ကျွေးတာကလည်း အညံ့စား ၊
ဒီကြားထဲ လေယာဉ်မယ်တွေက ခရီးသည်တွေကို သူတို့လုပ်စာ စားနေရတဲ့ ပုံစံနံ့ ဆက်ဆံ ၊
အချိန်ကလည်း ဘယ်တော့မှ မမှန်ဘူး။
တခြားလိုင်း ပြောင်းစီးဖို့ စဉ်းစားစမ်းပါ ဆရာရယ်
မပြောင်းတော့ပါဘူး ၊ လက်မှတ်လည်း ၀ယ်ပြီးနေပြီ
အင်းလေ....ဘယ်တတ်နိုင်ပါ့မလဲ ၊ ဒါနဲ့ ဘယ်ဟော်တယ်မှာ တည်းမလဲ
ကရင်မလင်နန်းတော်နားက ရိုစီယာ ဟော်တယ်
ဘုရားသခင် ကယ်တော်မူပါ ၊ အဲဒီမှာ မကောင်းတဲ့မိန်းမတွေ တစ်ပုံကြီး ၊
ကြမ်းပိုးနဲ့ ပိုးဟပ်တွေ အင်မတန် သောင်းကျန်းတယ်။
အခန်းခလဲ ဈေးကြီးသေး ၊ ပြီးတော့ ဟော်တယ်ဝန်ထမ်းတွေကလဲ ရိုင်းပါဘိသနဲ့ ဆရာရယ်
မတတ်နိုင်ဘူး...သွားဖို့ ဆုံးဖြတ်ထားပြီးပြီဗျ
ဤမှာတင် စကားကို ရပ်လိုက်ဖို့ ကောင်းနေပြီဖြစ်သည်။
သို့သော် လေရှည်သော ဆံပင်ညှပ်ဆရာ ဆက်မေးသည်။
မော်စကိုရောက်ရင် ဘာလုပ်ဖို့...စိတ်ကူးထားလဲဗျ
လီနင်ရဲ့ ဂူဗိမ္မာန်ကို သွားမယ် ဖောက်သည်လူကြီးက ပြန်ပြောသည်။
ဘာပြောတယ်...အဲဒီမှာ လူတန်းက အရှည်ကြီး ၊ ရဲတွေအပြည့်နဲ့ စိတ်ပျက်စရာကြီး
ဘာဖြစ်ဖြစ် ကျုပ်သွားမှာပဲ...ကျုပ်ကို ဘယ်သူမှ တားလို့မရတော့ဘူး
လအနည်းငယ်ကြာသွားသည်။ မော်စကိုသို့ အလည်သွားခဲ့သော ဖောက်သည်ကြီး
ဆံပင်ညှပ်ဆိုင်သို့ ရောက်လာသည်။
ဧည့်သည်ကို ကြိုဆိုရင်း ဆံပင်ညှပ်ဆရာ မေးသည်။
မင်္ဂလာပါဗျာ ၊ ခရီးသွားဖြစ်ရဲ့လား....မော်စကိုအကြောင်း ကျွန်တော်ပြောခဲ့တာတွေ
မှန်တယ်မဟုတ်လားဗျ
ခင်ဗျား ယုံချင်ယုံမယ် ၊ မော်စကို ကို ကျွန်တော်အရမ်းကြိုက်သွားပြီဗျ ၊
မြို့တော်ဝန်အသစ်က စည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်လိုက်တော့ မြို့ဟာ အတော့်ကို
သန့်ရှင်းနေတယ်။
လုံခြုံမှုလည်း အပြည့်ရှိတယ်။ လမ်းပေါ်မှာ ၀က်ဝံနဲ့ တူတဲ့အကောင်တစ်ကောင်မှ မတွေ့ခဲ့ရဘူး
အဲရိုဖလုတ်လေယာဉ်ကတော့...ကျွန်တော်ပြောတဲ့အတိုင်း မဟုတ်ဘူးလား
ဟင့်အင်း...တစ်ခုပဲရှိတယ် ၊ လေယာဉ်က ခရီးသည် တစ်ဝက် မပြည့်ဘူး ၊
ဒါနဲ့ ကျွန်တော့်ကို ပထမတန်းမှာ စီးခိုင်းတယ် ၊ အပျံစားကျွေးတယ် ၊ လေယာဉ်မယ်ကလည်း
ယဉ်ကျေးတယ် ၊ ချစ်စရာလေး
ဟော်တယ်ကတော့...ညံ့တယ်မဟုတ်လားဗျ မညံ့ပါဘူး ၊ ကျွန်တော်ရောက်တဲ့အချိန်မှာ
ဟော်တယ်ကို ပြင်ဆင်မွမ်းမံပြီးကာစ....အခန်းခလျှော့ပေးတဲ့ သီတင်းပတ်နဲ့ သွားကြုံတယ် ၊
ကျုပ် အကောင်းဆုံးအခန်းမှာနေခဲ့တယ် ၊ ဇိမ်မယ်တွေကို မတွေ့ခဲ့ပါဘူး။ ပိုးဟပ်နဲ့ကြမ်းပိုးလည်း
မရှိပါဘူး ။
လီနင် ၊ လီနင်ကိုရော...တွေ့ခဲ့သလားဟင် မြင်ခဲ့တာပေါ့ ၊
ခင်ဗျား ယုံချင်မှယုံမယ်....ကျွန်တော်တန်းစီနေတုန်း အရပ်ဝတ်နဲ့လူတစ်ယောက်
ကျွန်တော့်အနားရောက်လာပြီး သူတို့ရဲ့ ဆေးပညာရှင်တွေဟာ အံ့သြဖွယ်ကောင်းလောက်အောင်
ခုလေးတင်ပဲ
ခေါင်းဆောင်ကြီးး လီနင်ကို အသက်ပြန်ရှင်အောင် လုပ်လိုက်နိုင်တဲ့ အကြောင်း ၊
ခေါင်းဆောင်ကြီးဟာ တန်းစီနေတဲ့ လူအုပ်ထဲက တစ်ယောက်ယောက်နဲ့ စကားပြောချင်လို့ ၊
အဲဒါမိတ်ဆွေ သူနဲ့အတူလိုက်လာစေလိုကြောင်း ကျုပ်ကို လာပြောတယ်ဗျာ
အောင်မယ်လေး....ကိုယ့်နားကိုယ်တောင် မယုံနိုင်လောက်အောင်ပါပဲလား ၊
လီနင် ၊ လီနင်.....ဘာပြောလိုက်သလဲဗျ ဟင်
မိမိ၏အလှည့်ရောက်လာပြီဖြစ်၍ လူကြီးသည်
စကားလုံးကို ရွေးကာ အောက်ပါအတိုင်း ပြောချလိုက်သည်။
တိုတိုလေးပါပဲ
ကိုယ့်လူရဲ့ ကေ ကို ပုံပျက်ပန်းပျက် အုန်းမှုတ်ခွက်ဖြစ်အောင်
ဘယ်က ကလေကချေ ခုတ် ပေးလိုက်သလဲကွဟေ...တဲ့ ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment