ဘွဲ့ရပြီးနောက် Chuan နဲ့ Jing ဟာ ကုမ္ပဏီတစ်ခုမှာ အတူတူအလုပ်ဝင်ခဲ့ကြတယ် ။ နှစ်ယောက်စလုံးဟာ အလုပ်ကို အလွန်ပဲကြိုးစားခဲ့ကြတယ် ။
နှစ်များစွာ ကြာပြီးတဲ့အခါမှာ ကုမ္ပဏီသူဌေးက Jing ကို ရာထူးပေးခဲ့ပြီး Chuan ကိုတော့ သာမန်အရောင်းဝန်ထမ်းဘ၀နဲ့နေစေခဲ
စောဒကသွားတက်ခဲ့တယ် ။ သူဌေးဟာ အလုပ်ကိုကြိုးစားလုပ်တဲ့သူကို တန်ဖိုး မထားကြောင်း နဲ့ ကပ်ဖားယက်ဖား မျက်နှာချိုသွေးတဲ့ ၀န်ထမ်းကို သာရာထူးတိုးပေးကြောင်း ပြောခဲ့တယ် ။
သူဌေးဟာ Chuan နှစ်ပေါင်းများစွာကတည်းက အလုပ်ကြိုးစားကြောင်းသိခဲ့ပြီးသ
အောက်ပါအတိုင်းခိုင်းစေခဲ့တယ် ။
ဈေးထဲမှာ ဖရဲသီးရောင်းတဲ့ လူရှိမရှိကို သွားရှာစေခဲ့တယ် ။
Chuan ဟာ သွားပြီး တွေ့ကြောင်း ပြောခဲ့တယ် ။ သူဌေးက ဈေးဘယ်လောက်ရှိလဲမေးတယ် ။ Chuan က ဈေးကိုတစ်ခေါက်ပြန်သွားပြီးမေး
သူဌေးက ပြောတယ် ။ မင်းကိုမေးတဲ့အတိုင်း Jing ကို ငါမေးပြမယ် ။ Jing ဟာ ဈေးကိုသွားတယ် ပြီးတော့ပြန်လာပြီးဖြေခဲ့တယ် ။ “ ဈေးထဲမှာ ဖရဲသီးရောင်းတဲ့ သူတစ်ယောက်ရှိပါတယ် ။ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၂ ကျပ်ရောင်းပြီး ၊ ၁၀ ကီလိုဂရမ်ကို ဒေါ်လာ ၁၀၀ ရောင်းပါတယ် ။ သူ့မှာ ရောင်းဖို့ ဖရဲသီး အလုံး ၃၄၀ ရှိပါတယ် ။ စားပွဲပေါ်မှာ ၅၈ လုံးတင်ထားပြီး တစ်လုံးစီက ၁၅ ကီလိုဂရမ်လောက်လေးပါတယ် ။ တောင်ပိုင်းကနေ လွန်ခဲ့တဲ့ ၂ ရက်လောက် ယူရောင်းတာပါ ။ လတ်ဆတ်နီရဲပြီး အရသာ အလွန်ကောင်းပါတယ် ။
Chuan ဟာ အလွန်ကို အံ့အားသင့်သွားပြီး သူနဲ့ Jing တို့ကြားက မတူညီမှုကို နားလည်သွားခဲ့တယ် ။ သူ အလုပ်ထွက်စာမတင်တော့ပဲ Jing ဆီကနေ အရာရာကို သင်ယူဖို့ ဆုံးဖြတ်လိုက်တယ် ။
< ဘ၀မှာ အအောင်မြင်ဆုံးလူတွေဟာ စေ့စေ့စပ်စပ် သေသေချာချာလုပ်တယ် ။ သူများတွေထက်ပိုတွေးတယ် ။ အနက်ရှိုင်းဆုံးကိုနားလည်တယ် ။ သင် မနက်ဖြန်လောက် သာမြင်နိုင်တဲ့အရာတွေကို အအောင်မြင်ဆုံးလူတွေက နှစ်ပေါင်းများစွာ ကြိုတွေးပြီး မြင်တတ်ကြတယ် ။ နေ့တစ်နေ့နဲ့ နှစ်တစ်နှစ်ရဲ့ကွာခြားချက်က ၃၆၅ ကြိမ်ရှိပါတယ် ။ ကဲ အခု သင်ဘာလုပ်မလဲ ?? >
Credit to Original Writer
0 comments:
Post a Comment