Note (3)
တစ်နေ့မှာ ကုလားအုတ်လေးတစ်ကောင်က သူ့မိခင် ကုလားအုတ်မကြီးကို မေးပါတယ်။
ကုလားအုတ်လေး - မေမေသားတို့ ကုလားအုတ်တွေမှာ ဘာလို့ ဘို့တွေရှိ တာလဲဟင် ?
မိခင် - သားရယ် မေမေတို့က သဲကန္တာ ရမှာ ကျက် စားတဲ့ တိရိစ္ဆာန် တွေဆိုတော့ ရေတွေ
အများကြီး သိုလှောင် ထားဖို့  ဘို့ တွေလိုတာပေါ့။ ဒါကြောင့် မေမေတို့တွေကန္တာရထဲမှာ
ရေမသောက် ရလည်းပဲ အသက် ဆက်ရှင်နိုင်တယ်လို့  အားလုံးက သိကြတယ်လေ။
ကုလားအုတ်လေး - ဒါဆိုရင် သားတို့ခြေထောက် တွေကဘာလို့ရှည်မျောမျောနဲ့ ဖြစ်နေပြီး
ခြေဖ၀ါးတွေက၀ိုင်းဝိုင်းကြီး တွေဖြစ် နေတာလဲဟင် ?
မိခင် - ဒီခြေထောက် တွေကလည်း သဲကန္တာ ရထဲမှာ သူများတွေထက် ပိုပြီး
လမ်းကောင်းကောင်း လျှောက်နိုင်ဖို့  အတွက် ပေါ့ သားရဲ့။
ကုလားအုတ်လေး - ဟုတ်ကဲ့။ အဲဒါဆို သားတို့ မျက်တောင် တွေကရော
ဘာလို့ အရမ်းရှည် နေတာလဲဟင်။ တစ်ခါတစ်လေမျက်စိ ကြည့်ရတာတောင် ရှုပ်တယ်။
မိခင် - အဲဒီ မျက်တောင်ရှည်ရှည် လေးတွေကသားမျက်လုံးကို သဲကန္တာရထဲက လေပြင်းတွေ
သဲတွေရဲ့ဒဏ်ကနေကာကွယ် ပေးထားတဲ့ အကာအကွယ် တွေပေါ့။
ကုလားအုတ်လေး - သြော် သားသိပြီ။ ဒါဆို သားတို့ ရဲ့ဘို့ က သဲကန္တာရထဲရှိနေတဲ့ အချိန်မှာ
ရေတွေသိုလှောင် ထားဖို့ ၊ ခြေထောက် တွေကလည်း သဲထဲမှာ ကောင်း ကောင်း လျှောက်နိုင်ဖို့ ၊
မျက်တောင် တွေကလည်း သဲကန္တာရထဲက သဲတွေမျက်လုံးထဲမ၀င် အောင် ကာကွယ်ဖို့ ပေါ့ နော်။
မိခင် - ဒါပေါ့ သားရဲ့ ။
ကုလားအုတ်လေး - ဒါဆို သားတစ်ခုလောက် မေးချင်သေးတယ်။
မိခင် - ဘာများလဲသားရဲ?့
ကုလားအုတ်လေး - သားတို့  ဒီတိရိစ္ဆာန်ရုံ ထဲမှာ ဘာလာလုပ်နေတာလဲဟင် ...?
မိခင် - ? ? ? ? ? ? ? ? ? ? ?
လူတစ်ယောက် ရဲ့ကျွမ်းကျင်မှု ၊ဗဟုသုတ၊စွမ်းရည် နဲ့ အတွေ့အကြုံ ဆိုတာတွေက
နေရာမှန် တစ်ခု ကို ရောက် နေမှ တကယ်အသုံးကျတာပါ။သင် ရော... အခုဘယ်မှာလဲ?
Credit to Original Writer
Sunday, October 20, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment