Pages

Ads 468x60px

Sunday, October 20, 2013

ကမ္ဘာ့ဖလား

စပေး ဘောလုံးမှာ ကတည်းက

အလိမ်ခံလိုက်ရတယ်။

အဖွင့်ခရာက

မှော်အောင်ထားတဲ့ မင်းအပြုံးပေါ်

အကြောသေသွားတဲ့ ငါ့နားကို လှုပ်မနှိုးနိုင်တော့

တစ်သင်းလုံး ငါ့ရင်ခွင်ဘက်ကို ကျွံကျခဲ့

မင်းအိမ်ကွင်းမှာဆိုတော့

ဒိုင်ကိုက

မင်းဘက်ကို သိပ်ပင်းလွန်းတယ်။

လူကျွံဘော မဖမ်းတတ်တဲ့ ငါ့နောက်တန်းတွေ

မင်းဗျူဟာမြောက် တိုက်စစ်တွေအောက်

ရင်ခုန်သံတွေ

ကစားကွက် အပြိုပြို အပျက်ပျက်

ပွဲကြည့်စင်က လွင့်စင်လာတဲ့ အားပေးသံတွေမှာ

ငါ့နာမည်အော်သံ

နံကြားတောင် မကပ်နိုင်ခဲ့ဘူး။

ဒီပွဲမှာ

မင်းကကြေးစား ငါက ၀ါသနာရှင်

ချစ်ကြည်ရေးပွဲထင်ပြီး အလိုလိုက်မိတဲ့ငါ့မှာ

အရှုံးတစ်ပွေ့တစ်ပိုက်တင်မကဘူး

ရင်ဘတ်ထဲက ဖလားပါ

အဆစ်ထည့်ပေး လိုက်ရတယ်။       

                                        
(  ဒီလကျာ်  )

0 comments:

Post a Comment