Pages

Ads 468x60px

Sunday, October 20, 2013

ဘ၀တိုက်ပွဲ

ကံကြမ္မာက အဖန်တစ်ရာမကလဲကျတာတောင်ပ၀ါကူ ရေရှုခွင့်...ငါ့မှာမရှိခဲ့ဘူး။
ဒီလိုနဲ့...မျှော်လင့်ချက်အောက်စီဂျင်ရှုသွင်းမာန်တင်းရင်း ပြန်အထ
ခပ်နန နှလုံးသားနဲ့ အာဟာရ သိဒ္ဓိမပြီးတဲ့ အစာအိမ်တို့
မတည့်အတူ နေလာလိုက်တာရောင်းရင်းကြီးတွေကိုဖြစ်လို့
လောကဓံ လေမုန်တိုင်း ဘယ်လောက်ပဲ ရိုင်းစိုင်းပါစေ။
တက်မရှိရင် လက်နဲ့လှော်မယ် လှေမရှိဘူးဆိုရင်တောင်ငါ့လက်ကို.... ငါပူဇော်မယ်။
ဘ၀က အဆိုးဆုံးတွေထိ ခံစားဖို့ဖြစ်လာတော့
ကြိုးစားရုန်းကန်ခွင့်ရှိတဲ့ ဒီတိုက်ပွဲမှာပေးဆပ်ခြင်းတစ်ခုအနေနဲ့
ငါ့ရုပ်ခန္ဓာ မပျက်စီးခင်လေးအကောင်းဆုံးတွေထိ ပြန်ပေးချင်တဲ့အကြောင်းလောကကြီးကို လူကြုံပါးလိုက်တယ်။    

(သျှင်နှောင်းညို )

0 comments:

Post a Comment