လောကလူ့နယ် လူတွင်ကျယ်တို့
ကျင်လည်နေဆဲ ကာလထဲတွင်
ဆင်းရဲတွင်းနက် ၀မ်းရေးခက်လို့
လျှာမြက်ပေါက်ချင်...ပေါက်ပါစေ။
လူ့ရွာဌာန ၊ မုသာဝါဒ
သုံးမှအစဉ် ၊ ပြုံးကြအမြင်
ရင်တွင်းသဘော ၊ မှန်တာပြောလို့
ရန်တကာပေါလည်း ...ပေါပါစေ။
သရုပ်သဏ္ဍာန်
မဟုတ်မခံ ၊ ဟန်ဆောင်မိတ်ကပ်
မလိမ်းတတ်သူကို ၊ စင်စစ်လူကို
ငြူစူမုန်းလည်း ... မုန်းပါစေ။
အမြဲသတိရ
ဇွဲဝီရိယ ၊ မြတ်သီလဖြင့်
ကိုယ်ကျင့်အားကိုး ၊ လူတောတိုးလျှင်
ကောင်းကျိုးပေးမည် ... သေချာ၏။
(ရဲမြင့်နောင်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment